ပခုက္ကူ ဇူလိုင် ၅
မကွးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးရေးပွဲတော် ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ထွန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်နှင့်ဝန်ထမ်းများ၊ ခရိုင်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းနှင့်ဝန်ထမ်းများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းဇာနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပိတောက်ပင် ၅၀၊ ခရေပင် ၅၀၊ ယင်းမာပင် ၅၀၊ မယ်ဇလီပင် ၃၀၊ ဇီးဖြူပင်၂၀၊ စုစုပေါင်းသစ်ပင် ၂၀၀ပင်တို့အား ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)