ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲများ ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ရေနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။