မိုင်းရယ်မြို့ အခြေခံမူလတန်းလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းရယ် ဇူလိုင် ၁၄

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်မိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်စကားဝိုင်း ကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။

လူငယ်စကားဝိုင်းတွင် Grade-8 မှ မဆိုင်းဂျာအောင်က လူငယ်နှင့် Social Media ကိုလည်းကောင်း၊ Grade-8 မှ စိုင်ခေးဆိုင်လျန်းက လူငယ်နှင့်အားကစားကိုလည်းကောင်း၊ Grade-8 မှ နန်းအွမ်ဆိုင်က လူငယ်နှင့်မူးယစ်ဆေးကိုလည်းကောင်း၊ Grade-7 မှ မနန်းနွံစံဟွမ်က လူငယ်နှင့်ပညာရေးကိုလည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား/သူများမှ အသီးသီးမေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)