စင်ကာပူ တာတိုဖလား ကနူး/ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု၊ ‌ငွေတစ်ခု၊‌ ကြေးသုံးခုရရှိ

စင်ကာပူနိုင်ငံ၌ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး/ ကယက် လှေလှော်ပြိုင်ပွဲ(2025 Singapore Sprint Cup)တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး/ကယက် လှေလှော်အားကစားအဖွဲ့‌သည်‌ ရွှေသုံးခု၊ ‌ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ ကြောင်း သိရသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။

မိုးနဲမြို့နယ် ပန်အူအ‌ခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် ၁၄ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆိုင်းဖယ်အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး၏ကြီးကြပ်မှုဖြင့် ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို အဆိုပါကျောင်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့‌ကြောင်းသိရသည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်သစ်ဖွဲ့စည်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အင်းကုန်းကျေးရွာတွင် စီမံကိန်းကော်မတီဝင်သစ်ဖွဲ့စည်းခြင်းကို ယမန်နေ့က ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မတီဝင်သစ်ဖွဲ့စည်းရာတွင် ကျေးရွာမှ အများသဘောတူရွေးချယ်မည့် ကော်မတီဝင်များအနေဖြင့် ကိုယ်ကျိုးအတွက်မကြည့်ဘဲ ပရဟိတစိတ်ဖြင့် ရပ်ရွာအကျိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားများအား စနစ်တကျဖြည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များ ရာသီမရွေးသယ်ယူနိုင်ရေး ကွမ်းဆေးမြောင်းပေါင်အား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံစိုက်ခင်းများ ရေလိုအပ်ချိန်တွင် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေများ ပေးဝေးနိုင်ရေးနှင့် လယ်ယာထွက်ကုန်များ အချိန်တိုအတွင်းသယ်ယူနိုင်ရေး ဆည်မြောင်းများနှင့် မြောင်းပေါင်လမ်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသထွက်ကုန်များ ရာသီမရွေးသယ်ယူနိုင်ရေး ကွမ်းဆေးမြောင်းပေါင်လမ်းအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အလှူငွေများ သွားရောက်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်း(တုမ်မို)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အလှူငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက် မိုင်းယောင်း ဇူလိုင် ၁၄ ရာဇီ(ပြန်/ဆက်)

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တောင်သူပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မျိုးရွေးချယ်ခြင်းအခမ်းအနား တက်ရောက်၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တောင်သူပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မျိုးရွေးချယ်ခြင်းအခမ်းအနား တက်ရောက်၊ ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး နေပြည်တော် ဇူလိုင် ၁၄ ခရိုင်(ပြန်/ဆက်)
Subscribe to