ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကော့သောင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ လက်‌တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှု‌ရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မိုင်းပန်မြို့နယ် ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးစာဖတ်ခန်း၌  ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ကရသူရိမြို့၌ (၇၈)နှစ်‌မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ် စာစောင်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ (၇၈) နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်တွင်း ရေကြည်ချောင်းပေါက် ရေထိန်းတံခါးအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ‌ဆောင် ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြောင်းလုပ်ငန်းအသင်း အသင်းသားစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြောင်းလုပ်ငန်းအသင်း၏ ၂ဝ၂၂-၂ဝ၂၅ ခုနှစ်သက်တမ်း ဒုတိယအကြိမ် အသင်းသားစုံညီအစည်းအဝေးနှင့် ၂ဝ၂၅- ၂ဝ၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ HAPPY SENSE RESTAURANT ခန်းမတွင် ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှု ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ယနေ့နံနက်(၁၁) နာရီအချိန်က ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန် အသိပေးကြေညာသည့် ဗီနိုင်းများချိတ်ဆွဲထားရှိမှုတို့ကိုပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။

သာစည်မြို့နယ် တောင်ပေါ်ဒေသဖြစ်သည့် မြင်းဒိုက်-ကမ္ဘားနီလမ်းပိုင်းတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်  တောင်ပေါ်ဒသဖြစ်သည့် မြင်းဒိုက်-ကမ္ဘားနီလမ်းပိုင်း တောင်ပြိုမြေ ဖယ်ရှားခြင်းနှင့် ဖို့မြေ/ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများကဇူလိုင်လ (၁၂)ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ ကြောင်းသိရသည်။

ဇလွန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုနည်းသင် တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင် တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမတွင်ကျင်းပပြုလုပ်ရာ မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်အားပေးချီးမြှင့်သည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စုပေါင်းရုံး မြို့နယ်ခန်းမတွင် ပြုလုပ်သည်။
Subscribe to