ပြည်ကြီးတံခွန် ဇူလှိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ) ရပ်ကွက်၊ ၆၁ လမ်း ၁၁၇ လမ်းထောင့်ရှိ ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား Biometric (UID) ကဒ် ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးအောင်သွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်တို့က ဌာနအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း ၈၅ ဦး၊ စုစုပေါင်း ၁၀၀ ဦးခန့်ဖြင့် ကျင်းပပြုလုပ်ပေးခဲ့သည်။ ဆက်လက်ပြီး ယင်းအခမ်းအနားသို့ မဟာအောင်မြေခရိုင် လဝက ဦးစီးမှူးဦးဟိန်းကျော်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ခရိုင်လဝကဦးစီးမှူး ဦးဟိန်းကျော်အောင်မှ Biometric (UID) ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်