ဘားအံ ဇူလိုင် ၁၅
ကရင်ပြည်နယ် ဘားအံမြို့နယ် သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ သာသနဓဇအသင်းကြီးမှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကလေးကျေးရွာရှိ တောင်ကလေးပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ စာအောင်ဆုနှင်းသဘင်အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဒါယကာ ဒါယိကာမ အလှူရှင်များက သာသနဓဇအသင်းကြီး၏ ဥက္ကဋ္ဌ ဈေးမသွယ် ကျောင်းတိုက်ဆရာတော် ဘန္နန္တသုန္ဒရထံမှ ငါးပါးသီလတရားတော်မြတ်အား ခံယူဆောက်တည်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောင့်အသင်းနာယက ဒေါ်နန်းဘေဘီမြင့်က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာမိကာရာ မယသဝါကျောင်းမှ ဘဒ္ဒန္တကလျာဝုဓ ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က သာသနဓဇအသင်းကြီး၏ ဥက္ကဋ္ဌ ဈေးမသွယ်ကျောင်းတိုက်ဘဒ္ဒန္တ သုန္ဒရ ဆရာတော်အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သုဓမ္မာဂုဏ်းလုံးဆိုင်ရာ သာသနဓဇအသင်းကြီးမှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်၌ ကရင်ပြည်နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာအောင်သံဃာ သာမဏေသီလရှင်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၃၆၇)ပါးအား စာအောင်လက်မှတ်များ အသီးသီးဆက်ကပ်ပေးအပ်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိတ္ထတု သုံးကြိမ်ရွတ်ဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)