မိုင်းခတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အကြောင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး Women Club အသင်းမှဥက္ကဋ္ဌ ဒေါ်နော်ဝါဝါမောင်က စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးမည့် စာအုပ်ပါအချက်အလက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စာရေးဆရာခင်မောင်အေး(နှလုံး)ရေးသားသည့် "လူရယ်လို့ဖြစ်လာလျှင်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူ အမျိုးသမီးများအသင်း(Women Club)မှအဖွဲ့ဝင်များက လူမှုရေးစိတ်ဓာတ်၊ မှန်ကန်တဲ့ရွေးချယ်မှု၊ အချိန်ဆိုတာနှင့်ယောက္ခမ၊ ချွေးမနှင့်သားမက်များစသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)