ပင်းတယ ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ Forever Ya Wati Com. (MRTV - 4) ရုံးဝန်း၊ သစ်အယ်ပင်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပျိုးပင်များအားပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ MRTV-4 အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက သတ်မှတ်နေရာများ၌ ထင်းရှူးပင်စုစုပေါင်း (၁၀၆၀) ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)