မိုင်းနောင် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းက ကျောင်းသားလူငယ်များအားလုံး အာဇာနည်နေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းများအား သိရှိစေရန်နှင့် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များကို လေးစားအတုယူတတ်စေရန် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သော အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ၊ အထက်တန်းဆရာမ ဒေါ်နွယ်နွယ်အောင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အလယ်တန်းပြဆရာမ ဒေါ်အေးမွန်မွန်ဇင်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဥ်များဖြင့် အသီးသီးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)