နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ထားမှုအားကြည့်ရှုစစ်ဆေး 

နတ်မောက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။             

ထိုသို့ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အတွင်း (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် အထူးပြပွဲခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ထားရှိမှုများဖြစ်သည့် ဗိုလ်ချုပ်၏ ငယ်ဘဝမှစတင်၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုများနှင့် ကျဆုံးခဲ့သည့်အချိန်အထိ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှု၊ နေအိမ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းဆီလီကွန်ရုပ်ထု၊ ဗိုလ်ချုပ်၏အိပ်ခန်း၊ ဗိုလ်ချုပ်၏ မိခင်အိပ်ခန်း၊ မိသားစုအိပ်ခန်း၊ အမျိုးသမီးပြင်ဆင်ခန်း၊ မီးဖိုခန်းနှင့် ဗိုလ်ချုပ်မိခင်၏မှတ်တမ်း ဓာတ်ပုံများခင်းကျင်း ပြသထားမှုများ၊ နေအိမ်ခြံဝင်းအတွင်း ခင်းကျင်းပြသရန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မြို့နယ်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကော်မတီဝင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ ရောက်ရှိပြီး ဘက်စုံသုံးခန်းမ၊ ပြတိုက်ငယ် (Mini Museum)၊ အနုပညာပြခန်း၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်း၊ ကွန်ပျူတာ သင်တန်းခန်းမတို့အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

လှဝင်း