မြိတ်မြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းကာလတို အခြေခံစက်ချုပ် နည်းပညာသင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၏  အသက်မွေးဝမ်းကျောင်းကာလတို အခြေခံစက်ချုပ်နည်းပညာသင်တန်းကို  မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာ ရွှေဟင်္သာကျောင်းတိုက်တွင် ယနေ့ နံနက်(၉)နာရီခွဲက ဖွင့်လှစ်သည်။

ရန်ကင်းမြို့နယ်၌နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၂)ရပ်ကွက်နေပြည်သူများအား မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည်။

သဲကုန်းမြို့နယ်၌ မြို့နယ်ဂုဏ်ဆောင် နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် (နှစ်ထပ်ကွပ်လူရည်ချွန်) အား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ နေပြည်တော်လူရည်ချွန်စခန်း လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၅ − ၂၀၂၆ ပညာသင်နှစ် နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိသုခရပ်ကွက်၊ ရန်ကုန် ပြည်လမ်းနေ အဖ ဦးစန်းယု၊ အမိ ဒေါ်အိအိမွန်တို့၏သားဖြစ်သူ မောင်ဇော်ရဲထွဋ် အခြေခံပညာအထက်တန်းကျောင်း (အင်းမ) Grade – 12 မှ (နှစ်ထပ်ကွမ်းလူရည်ချွန်) အား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့က အင်းမမြို့အဝင် မြို့ဦးဂိတ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ဝမ်ဘိုးအုပ်စု၊ ယမ်းလဲကျေးရွာ၌ အသိပညာပေးခြင်းနှင့် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာတို့၌ ကာကွယ်ဆေးထိုးနှံခြင်းများကို ကွင်းဆင်းဆောင်ရွက်သည်။

ဒေါပုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ကွင်းဆင်း‌ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဗမာအေးရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လွိုင်ပေါ်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Subscribe to