ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၂  ရက်နေ့ နံနက်(၁၀)နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကျောက်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ​ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ကံမမြို့နယ်၌ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊  အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးခင်ဝင်းဇော်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

မင်းတုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရက် ၁၀၀ စီမံချက်ကာလ) ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် အစိုးရအဖွဲ့၏ (ရက် ၁၀၀ စီမံချက်ကာလ) စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းတုန်းမြို့နယ်ဘဏ်ခွဲမှ မြောင်ကျေးရွာအုပ်စုမှ တောင်သူများသို့ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဝင်များနှင့် မြောင်ကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to