လသာ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ သိမ်ကြီးဈေး(ဃ)ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးပိတ်ချိန်တွင် Main Breaker များချထားခြင်း ရှိ/မရှိနှင့် ဆိုင်ခန်းများအတွင်းရှိ Breaker များ ပိတ်သိမ်းထားရှိမှုအခြေအနေများအား ယမန်နေ့ညနေပိုင်းအချိန်က ညဂျူတီတာဝန်ကျလုံခြုံရေးမှူးနှင့် တာဝန်ကျဝန်ထမ်းများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရှိ လျှပ်စစ်မီးအသုံးပြုမှုဆိုင်ရာ အန္တရာယ်ဖြစ်ပွားနိုင်ခြေများ မရှိစေရေးအတွက် Main Breaker များအား စနစ်တကျချထားခြင်း၊ ဆိုင်ခန်းများရှိ Breaker များအား ပိတ်သိမ်းထားရှိခြင်းတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားဆောင်ရွက်စေခဲ့သည်။
လသာမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဈေးရောင်းဝယ်နိုင်ရေးအတွက် တာဝန်ရှိသူများက အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)