ငါးသိုင်းချောင်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက် (၉) အချိန်က ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များ၊ အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလိုက်လံ၍ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မိုးတွင်းကာလသို့ ရောက်လာတော့မည်နှင့် တစ်ပြိုင်နက် ရေမြောင်းများပိတ်ဆို့မှု မရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရာသီလိုက်ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါ ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးတို့အတွက်ရည်ရွယ်၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇေယျ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)