မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ မုဒုံမြို့၌ ရက် (၁၀၀)စီမံချက် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲကျင်းပ

မုဒုံ မေ ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မုဒုံမြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်မည့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

ဦးစွာ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်က တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စက်မှုလုပ်ငန်းတည်ဆောက်ရာတွင် ကောင်းစွာအထောက်အကူပြုစေရန် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးကြောင်း၊ လယ်ယာသုံးစက်ကိရိယာချေးငွေများ စတင်ထုတ်ချေးမည့် အစီအစဥ်အောင်မြင်စွာနှင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဝန်ထမ်းများအားလုံး ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မွန်ပြည်နယ်ဒုတိယလွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွမ်တာ၊ အခွန်၊ တာပသွန်ကျေးရွာများရှိ တောင်သူ(၇၉)ဦး၏ လယ်ဧက(၅၀၁)ဧက ချေးငွေ ကျပ် စုစုပေါင်း ( ၁၅၀၃) သိန်းကို တောင်သူများထံ ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)