စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ နေအိမ်အမျိုးစားများအလိုက် ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။