ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ဝီရိယရှိခြင်း အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ဝီရိယရှိခြင်း အသိပညာပေး Talk Show ဆောင်ရွက် ဥတ္တရသီရိ ဇူလိုင် ၂၃ အောင်မျိုးဝင်း(ပြန်/ဆက်)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  လိင်းဗွာလဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်များခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေးအမှိုက်များစနစ်တကျစွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်သတ်မှတ်၍ခွဲခြားစွန့်ပစ်ခြင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

ကလောမြို့နယ်၊ နန်းပန်တက်‌ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းပန်တက်‌‌ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝက်ဖြူရေကျေးရွာအုပ်စု၊ နန်းပန်တက်ကျေးရွာဘုန်း‌တော်ကြီးကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း  ဆင့်ပွားသင်တန်းပို့ချနေမှုအား လာရောက်ကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းကို ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်(၁၀)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သထုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာမြင့်မားရေး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက် (၁၀) နာရီအချိန်ခန့်က အ.ထ.က(၂)သထုံကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက် နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ် သမဝါယမအသင်းစုလိမိတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)သို့ ဆန်နှင့်ကြက်သွန်နီများ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမအသင်းစုလိမီတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)ရှိ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်နှင့် ဒုတိယနှစ်တွင် သင်ကြားနေသော သင်တန်းသား/သင်တန်းသူများအတွက် ဆန်နှင့်ကြက်သွန်နီများကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက် ရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ရေးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ လွယ်ကူစွာထုတ်ယူနိုင်ရေး UID နံပါတ်ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေထုတ်ယူရာတွင် လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်ရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID နံပါတ်များ Centralized e-Pension Program တွင်ထည့်သွင်းရန် UID နံပါတ်ထုတ်ပေးရေး အထူးဦးစားပေးအစီအစဉ်အဖြစ် ကွင်းဆင်းခြင်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရေးမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌  ဆောင်ရွက်ပေးသည်။

ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့က ယာယီနေရပ်စွန့်ခွာနေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သူများအား အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Subscribe to