မြစ်ကြီးနား ဇူလိုင် ၂၇
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများကိုပါ ရရှိခဲ့ပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ကချင်ပြည်နယ်လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိလာမှု ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အေရိုးဗစ်အားကစားအဖွဲ့၊ လီဆူတိုင်းရင်းသားအကအဖွဲ့၊ ဘင်ခရာအဖွဲ့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လေဆိပ်၌ အောင်သပြေ၊ ဂုဏ်ပြုပန်းကုံးများဖြင့် သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြသည်
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ကြိုဆိုဂုဏ်ပြရာ လက်ရွေးစင်ဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်းအနေဖြင့် တံခွန်စိုက် ဆုရယူဖို့ရန် နောက်ဆုံးဖိုင်နယ်ထိ တက်ရောက်ခဲ့ပြီး ပွဲပြီးသည်အထိ ရေကုန်ရေခမ်းကြိုး စားခဲ့ကြပြီး ဒုတိယဆုနှင့်အတူ အကောင်းဆုံးကစားသမားဆုများကိုပါ ရယူပေးခဲ့ကြသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဒုတိယဆုအပြင် ဂိုးသမားအကောင်း ဆုံးဆုနှင့် အလယ်တန်းကစားသမားအကောင်းဆုံးဆုများကိုပါ ရရှိခဲ့သည့်အတွက် လက်ရွေးစင် အသင်း၏ ဇွဲနှင့် အောင်နိုင်လိုစိတ်ပြင်းပြမှုကို ပိုမိုချီးကျူးဂုဏ်ပြုကြောင်းကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲကို စံနမူနာယူပြီး နောင်လာမည့် ပြိုင်ပွဲများတွင် တံခွန်ဆုရရှိအောင် အားသာ ချက်၊ အားနည်းချက်များကို ပြင်ဆင်ပြီးအတူတကွ ကြိုးစားဆောင်ရွက်ကြရန် အထူးမှာကြားလိုပါ ကြောင်းနှင့် ယခုလို ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် အောင်မြင်မှုရရှိပေးမှုကို ပြည်နယ်သူ/သားများ ကိုယ်စား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်း ကြိုဆိုဂုဏ်ပြုရာတွင် ပါဝင်ကူညီခဲ့ ကြသော ဘင်ခရာအဖွဲ့၊ လီဆူရိုးရာအဖွဲ့၊ အေရိုးဗစ်အားကစားအဖွဲ့နှင့် ကျောင်းသား/ ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်အတွင်းရှိ အောင်ဇေရန်အောင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဘိုး/အဘွားများအတွက် အာဟာရဖြစ် စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ထောက်ပံ့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင် ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ အလှူငွေများနှင့် ဘိုးဘွားရိပ်သာအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်