သီပေါ ဇန်နဝါရီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် မှုခင်းကျဆင်းရေးအသိပညာပေး ဟောပြာပွဲကို ဘော်ကြိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ်ရဲမှူး ရဲမှူးမင်းစိုးထက်ဦးက အမှာစကားပြောကြားခဲ့ပြီးနောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွေးက လူကုန်ကူးမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယစခန်းမှူး ရဲအုပ်ထွန်းလှခိုင်က သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ယာဉ်ထိန်းတပ်ကြပ်ကြီး ဝင်းဇော်လတ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ဘော်ကြိုကျေးရွာနေ ဒေသခံပြည်သူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး ဟောပြောပွဲသို့ ကျေးရွာနေဒေသခံပြည်သူ (၁၄၃) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ ပြန်/ဆက်)