မြို့နယ်အမျိုးသမီးအားကစားကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲ ယင်းမာပင်၌ ကျင်းပ
ယင်းမာပင် ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အမျိုးသမီး အားကစားကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ယင်းမာပင်မြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။