“သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
မန္တလေး ဇန်နဝါရီ ၉
“သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ကုသိုလ်တော်ဘုရား တောင်ဘက်တန်ဆောင်းတွင်ကျင်းပသည်။
မန္တလေး ဇန်နဝါရီ ၉
“သံဃမာတာ” ဘွဲ့တံဆိပ်နှင့် စလွယ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ကုသိုလ်တော်ဘုရား တောင်ဘက်တန်ဆောင်းတွင်ကျင်းပသည်။
လွိုင်လင် ဇန်နဝါရီ ၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပင်လုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက လွိုင်လင်ခရိုင် အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပင်လုံတက္ကသိုလ် ပထဝီဝင်ဘာသာရပ် ပါမောက္ခဌာနမှူး ဆရာကြီး ဒေါက်တာမင်းလွင် အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပသည်။
ဂန့်ဂေါ ဇန်နဝါရီ ၉
ဂန့်ဂေါမြို့နယ်တွင် (၁၃) ကြိမ်မြောက် EXIM BANK ချေးငွေပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးကြည်နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့က အမှာစကားပြောကြားကြပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်မြမြစန်းက ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဒေါပုံ ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဇေယျာသီရိရပ်ကွက်၊ သီရိဇေယျာ သာသနဗိမာန် ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ နှင့်မြို့ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ ညနေ (၄) နာရီက ပြုလုပ်ကြောင်းသိရသည်။
လှိုင်းဘွဲ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာပေါင်ကျေးရွာအုပ်စု ကော့လာ(အထက)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲ ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ကင်းစင်ရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တာပေါင်ကျေးရွာအုပ်စု ကော့လာ(အထက)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်ကော် ဇန်နဝါရီ ၉
(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစ၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)နှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ခန်းမတို့၌ ကျင်းပသည်။
ဆိပ်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဂွေးပင်ကျေးရွာအထက်တန်းကျောင်း တွင် ပြုလုပ်သည်။
ရွှေဘို ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အမှတ် ၃ ရပ်ကွက်ရှိ ရန်ကြီးအောင် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ ညနေ ၆ နာရီအချိန်က ရွှေဘိုမြို့နယ် စာရေးဆရာအသင်းနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပူးပေါင်းကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ရေးသူဖတ်သူ ဆွေးနွေးပွဲစကားဝိုင်းကို ကျင်းပခဲ့သည်။
ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အမျိုးသမီးများတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ်၍(၁၇)ကြိမ်မြောက် သက်မွေးအိမ်တွင်းမှုပညာ (အခမဲ့)သင်တန်းအဖြစ် ခြင်ပြေးဖျန်းဆေးရည်ပြုလုပ်နည်းသင်တန်းကို ဇန်နဝါရီလ (၁၁)ရက်နေ့၌ နံနက်(၉)နာရီမှနေ့လယ် (၁:၃၀)အထိ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ဆရာမဒေါ်ကျင်မြိုင်မှ အခမဲ့သင်ကြားဖွင့်လှစ်မည်ဖြစ်သည်။
Copyright 2020