မြို့နယ်လူငယ်ရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) အောင်လံ၌ ကျင်းပ
အောင်လံ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ မြို့နယ်လူငယ်ရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Cmmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ဒု−ဥက္ကဋ္ဌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။