ဝေါလေမြိုင်မြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဝေါလေမြိုင်  ဇန်နဝါရီ  ၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ ညနေ ၆ နာရီက အ.မ.က(ဝေါလေမြိုင်)၌ ကျင်းပသည်။

အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။  ပညာရေးစုံညီပွဲတော်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက အဖွင့်အမှာစကား ပြောကြားပြီး အ.မ.က(ဝေါလေမြိုင်)ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုများ ရရှိသော ကျောင်းသား/ကျောင်းသူများကို ဆုများချီးမြှင့်ပြီး ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက အကအလှများဖြင့်ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)