ကျောက်မဲခရိုင်အတွင်း လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စတင်စိစစ်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကျောက်မဲခရိုင် မဲဆန္ဒနယ်အတွင်း ပါဝင်ယှဉ်ပြိုင်ရန် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့သည့် တင်သွင်းလွှာများကို ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဩဂုတ်လ ၁၁ ရက်နေ့မှ စ၍ စိစစ်ဆောင်ရွက်လျက်ရှိရာ ပွင့်လင်းမြင်သာမှုရှိစေရေး အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အားဖိတ်ကြားသဖြင့် ယနေ့နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ညီညီအောင်တို့က ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ဆောမြို့၌ အသက် ခြောက်လမှ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က အသက် ခြောက်လမှ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ဆေးဆိုင်များတွင်သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဖယ်ခုံမြို့နယ်၌ ဌာနဆိုင်ရာ ၀န်ထမ်းမိသားစုများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက မြို့ကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။

မိုင်း‌ငေါ့မြို့ ကွန်‌ကောက်ကျေးရွာတွင် စီမံချက်ဝန်ထမ်းများဦးဆောင်သော မိခင်ခေါင်းဆောင် လစဉ်ပုံမှန် ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာတွင်စီမံချက်ဝန်ထမ်းများ ဦးဆောင် သော မိခင်ခေါင်းဆောင် လစဉ်ပုံမှန်ဆွေးနွေးပွဲကို ယနေ့ နံနက်( ၁၀ ) နာရီအချိန်က မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာ ရှမ်းစာသင်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်းမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များအား ယမန်နေ့နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ကျေးရွာများ၌ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရေး ယမန် နေ့လယ်၂နာရီကအောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စိုက်ကွင်းသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ နေရပ်ပြန်လာသူတစ်ဦးအား Facility Quarantine ထားရှိရန် ပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာ နေသူတစ်ဦး တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ ကံစုကျေးရွာသို့ပြန်လည် ရောက်ရှိလာသဖြင့် ၎င်းအား ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်နှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်းတို့ ပါဝင်သည့်အဖွဲ့မှ စစ်ဆေးမေးမြန်းပြီး ယမန်နေ့ ညနေ (၅) နာရီခန့်တွင် ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ Facility Quarantine ထားရှိရန် ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျောင်းသား/သူဟောင်းများစုပေါင်း၍ သစ်ပင်ပေါင်း(၁၅၀)စိုက်ပျိုး

ပခုက္ကူကောလိပ်တွင် တက်ရောက်သင်ယူခဲ့ကြသော ၁၉၈၂မှ၁၉၈၈ ပညာသင်နှစ်အထိ ကျောင်းသား/ သူဟောင်း များ စုပေါင်း၍ ယမန်နေ့ ညနေ ၅နာရီခွဲအချိန်တွင် ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း သစ်ပင် ပေါင်း (၁၅၀)ပင် စိုက်ပျိုး ကြသည်။

ကျေးရွာမတည်ရန်ပုံငေွစီမံကိန်း (VRFP ) ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု ၊ ပေါက်ကုန်းကျေးရွာ၌ကျင်းပ သည်။
Subscribe to