လမ်းမတော် သြဂုတ် ၂၀
လမ်းမတော်မြို့နယ် UMFCCI တွင် အခြေခံစားသုံးကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် စားသုံးဆီများ ပြည်တွင်းဈေးကွက် အတွင်း ရောင်းချရာတွင် စားသုံးသူများထံ ဈေးနှုန်းသင့်တင့် မှန်ကန်စွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းတွင် ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းတို့သည် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စားသုံးဆီများ တင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်ကာလအတွင်း၌ စားသုံးဆီများကို ပြည်တွင်းဈေးကွက် တွင် သင့်တင့်မှန်ကန်သော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် ဆီလုပ်ငန်းရှင်များမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဆီတင်သွင်းမှု နှင့် ဈေးကွက်အတွင်း ရောင်းချပေးမှုအခြေအနေများ၊ ကိုဗစ်ကာလ၌ ပြည်တွင်းလိုအပ်သည့် စားသုံးဆီ ပမာဏ ဖူလုံစွာရရှိရေး အတွက် အစိုးရနှင့်ပူးပေါင်း၍ တင်သွင်းဖြန့်ဖြူးရောင်းချ ပေးနိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။
ထို့အပြင် ရေရှည်တွင်လည်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများကို ပြည်တွင်း လိုအပ်ချက် အတွက် တင်သွင်းဖြန့်ဖြူးရာတွင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အကျိုးအမြတ်မျှတပြီး စားသုံးသူဈေးနှုန်း ကြီးမြင့်မှု မရှိစေဘဲ တင်သွင်း ဖြန့်ဖြူး ရောင်းချပေးနိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ကိုလည်း အသင်းချုပ်ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူး ချုပ်တို့နှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်