ပျော်ဘွယ် သြဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့်အလေ့အထရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် မိုဘိုင်းစာကြည့်တိုက်ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကွင်းဆင်းငှားရမ်းခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များကို ဝန်ထမ်းများအားလပ်ရက်တွင်ဖတ်ရှုနိုင်ရန် လစဉ်မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းငှားရမ်းခြင်းများအပြင် ကျေးရွာစာကြည့်တိုက်များသို့လည်း အဟောင်း၊ အသစ်အလဲအလှယ်စနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)