လင်းခေး ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့၌ ရပ်ကွက်(၈)ခုနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရက မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးမှုအား ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က တောင်ရွာ ရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ရွာရပ်ကွက်ရှိ မသန်စွမ်းသူ (၉)ဦးအား လင်းခေးမြို့ လွိုင်လုံ မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ လူမှုဝမ်ထမ်းဦးစီးဌာန တာဝန်ခံ ဦးစိုင်းလောင်ဝမ်းနှင့် ရပ်ကွက်စာရေး တို့က မသန်စွမ်းသူများလက်ဝယ်သို့အရောက် တစ်အိမ်တက်ဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ်တွင် မသန်စွမ်းသူ (၅၆) ရှိပြီး ထောက်ပံ့ငွေများကို လက်ဝယ်အရောက် တစ်အိမ်တက်ဆင်း ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းမိုခမ်း (ခရိုင်ပြန်/ဆက်)