လမ်းမတော်မြို့၌ (၅၂)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

လမ်းမတော်မြို့နယ် UMFCCI တွင် (၅၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့ တက်ရောက်ခဲ့ကြ သည်။

နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့ရက်အလိုက် ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့ နံနက် ၇နာရီ တွင် လူစုလူဝေး မဖြစ်ပေါ် စေရေးထုတ်ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ

ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ IDPs စခန်းသို့ တစ်ကိုယ်ရည်သုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာရှိ တိုက်ပွဲရှောင်စခန်း(IDPs)မှ တိုက်ပွဲပြည်သူများ အတွက် တစ်ကိုယ်ရည်သုံးအထောက်အကူပြု ပစ္စည်းများနှင့် ထုံးအိတ်များကို ကွတ်ခိုင်မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ပေးအပ် ထောက်ပံ့သည်။

မလှိုင်မြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယမန်နေ့ နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးပတ်ဝန်းကျင်ကို စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရန် ၂၈ စင်တီမီတာသာလို

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အမှတ်(၇)၊ အမှတ်(၈)၊အမှတ်(၃)နှင့်အမှတ်(၄)ရပ်ကွက်တို့မှ အိမ်ထောင်စုများသည် မြစ်ရေဝင် ဘေးရှောင် စခန်းများ၊ နီးစပ်ရာဆွေမျိုးတို့အိမ်တို့တွင်ခေတ္တ နေထိုင်လျက် ရှိကြောင်းသိရသည်။

ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ အကြို သင်တန်းဖွင့်လှစ်

ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့အကြို သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမ၌ပြုလုပ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီမြို့နယ်အတွင်းမှ လေဘေးသင့်နေအိမ် (၃၉) လုံးနှင့် ဘာသာရေး အဆောက်အဦအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂ရက်၊ ၃ရက်၊ ၄ရက်) နေ့များ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၂) စုတို့မှ ကျေးရွာ (၂၂) ကျေးရွာထဲမှ လူနေအိမ် (၃၉) အိမ်နှင့် ဘာသာရေးအဆောက် အဦတစ်ခု ပြိုကျ/ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမအတွင်းမှာ ပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ယမန်နေ့က နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to