သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စိုက်ပျိုးစရိတ်အထူးချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ ကာလ စိုက်ပျိုးစရိတ် အထူးချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၃)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာ ယမန်နေ့ က ရာနှုန်း ပြည့် ထုတ်ချေးပြီးစီးခဲ့ကြောင်းသိရသည်။