ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဂုံးကျော်တံတားအနီး အင်းစိန်ပန်းခြံနှင့် တောင်သူကုန်း မင်းကြီးလမ်းတို့တွင် ကိုဗစ်-၁၉ အသိပညာ ပေး လက်ကမ်းစာစောင်များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီတွင် ဖြန့်ဝေခဲ့ကြသည်။
ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ဝေထားသော လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ဒေသ များမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင် ရောက် လာသူများ အတွက် ကိုဗစ်-၁၉ရောဂါနှင့် ပက်သက်သော ကျန်းမာရေးဆိုင်ရာ သတိပေး အချက်အလက်များ၊ ကိုဗစ် ၁၉ရောဂါကာကွယ်ရေးအတွက် သတ်မှတ်နေရာများတွင် ထားရှိ၍(၁၄) ရက်တာ အသွားအလာ ကန့်သတ်ခြင်း(Quarantine) ပြုလုပ်ပါက အပြည့်အဝ ပူးပေါင်းဆောင်ရွက် ပါနှင့် ဆောင်ရန်ရှောင်ရန် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)