တွံတေးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ နေလယ် ၁ နာရီခွဲက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထု အခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများဖြစ်သောကြောင့် နုံးနှင့်အမှိုက်များ ဖယ်ရှားရှင်းလင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယမန်နေ့ည ၇ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့တွင်းရေလျှံမှုများဖြစ်ပေါ်ကာ စည်ပင်သာယာရေးဌာနမှ အမှိုက်များနှင့်နုံးများကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရသည်။

သံတောင်ကြီးမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမရှိစေရန် သံတောင်ကြီးမြို့ပေါ်တွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရောင်းချခြင်း ရှိ/ မရှိကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု့မရှိစေရေး အတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှု့များကို ယမန် နေ့ ညနေ(၃)နာရီက ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူရှေ့ မြို့အဝင်လမ်းတွင် ကွင်းဆင်းကြပ်မတ် စစ်ဆေး ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့၊ ဝမ်ဗလကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားသည့် စပါး၊ နှမ်းစိုက်ခင်းများ ရေလွှမ်းခံရမှုအခြေအနေအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် သံလွင်ရေမြှင့်တက်လာမှုကြောင့် ရွာသစ်မြို့နှင့် (၁၂)မိုင် ဝန်းကျင်ခန့် ဝေးသည့် သံလွင်မြစ်ကမ်းအနီးရှိ ဝမ်ဗလကျေးရွာအား တောင်သူများ၏ စိုက်ပျိုး ရေးလုပ်ငန်းများ ရေလွှမ်းမိုးမှုအခြေအ နေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ အဆိုပါ ကျေးရွာ၌ ‌မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ငဝန်ဧရာ လမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း (Mask) ဖြန့်ဝေခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားရှိနိုင်ရေးဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၄၈ စင်တီမီတာမြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည် အင်းစိန်မြို့နယ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ကော်မရှင်အဖွဲ့များနှင့်တွေ့ဆုံ

Subscribe to