ကဝမြို့ နယ်တွင် Covid-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ကျေးရွာမတည်ရန်ပုံငွေများထုတ်ချေး

ကဝ ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid -19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ များကို ကဝမြို့နယ် ဘုမ္မဇိုးကျေးရွာအုပ်စု၊ ဘုမ္မဇိုး ကျေးရွာသို့ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ထုတ်ချေးရာတွင် နိုင်ငံတော်မှချမှတ်သော Covid-19 စီးပွားရေး ကုစားမှုအစီအစဉ် (Covid-19 Economic Relief  Plan) အရ ကျေးရွာ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၀၃) ဦးအား ငွေကျပ် (၂၂၂၀၀၀၀၀)၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၂၁) ဦးအား ငွေကျပ် (၃၈၅၀၀၀၀) ၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ (၁၃) ဦး အား ငွေကျပ်(၁၇၀၀၀၀၀)၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၂၁)ဦးအား ငွေကျပ် (၂၁၀၀၀၀၀) ၊ ရေလုပ်ငန်း လုပ်ကိုင်သူ(၁)ဦးအား ငွေကျပ် (၁၅၀၀၀၀)၊ စုစုပေါင်းချေးယူသူ အသင်းသားပေါင်း (၁၅၉)ဦး တို့အား ငွေကျပ်သိန်း(၃၀၀) ကို ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက Covid -19 ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းကြီးကြပ် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)