ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီ ပထမအကြိမ်တွေ့ဆုံခြင်းနှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာ၀န်များ ရေးဆွဲအတည်ပြုနိုင်ရေး ဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီအတွင်း လုပ်ငန်းတာ၀န်နှင့် ၀တ္တရားများ၊ ကော်မတီအတွင်း ဆပ်ကော်မတီဖွဲ့စည်းခြင်းနှင့် ဆပ်ကော်မတီ၏ လုပ်ငန်းတာ၀န်နှင့် ၀တ္တရားများ ရေးဆွဲကာ အတည်ပြုနိုင်ရေးအတွက် ခရိုင်လူငယ်ရေးရာ ကော်မတီ၀င်များ ‌ပထမအကြိမ် တွေ့ဆုံခြင်းနှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာ၀န်များ ရေးဆွဲအတည်ပြု ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အခမဲ့ထိုးနှံပေးသွားမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။

ပင်လည်ဘူးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ်စီး‌နင်းကြသူများအား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်န့က စပြီးပင်လည်ဘူး-‌ ကောလင်း- ဖောင်းပြင်သွား ကားလမ်းဆုံတွင် ပြုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

မြဝတီမြို့တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြဝတီမြို့၌ မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်းများ၌ ကိုဗစ်-၁၉ရောဂါ မဖြစ်‌ပေါ်စေရန် ထိန်းချုပ်ရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်း ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ထပ်မံမဖြစ်ပေါ်လာစေရန် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ပေါ့လျှော့မှု မဖြစ်စေရေး အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် ဒီဂျစ်တယ်စာကြည့်တိုက်စီမံခန့်ခွဲစနစ်နှင့် သက်ဆိုင်သော နည်းပညာများကို ကျွမ်းကျင်ပညာရှင်များက Online စနစ်ဖြင့် ဟောပြောဆွေးနွေး

တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် ဒီဂျစ်တယ်စာကြည့်တိုက်စီမံခန့်ခွဲစနစ်နှင့် သက်ဆိုင်သောနည်းပညာများကို ကျွမ်းကျင်ပညာရှင်များက Onlineစနစ်ဖြင့် ဟောပြော‌ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ အခန်းအမှတ် (၂၀၂)တွင် ပြုလုပ်သည်။

ပြင်ဦးလွင်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် ကျေးရွာ (၇) ရွာအနက် မဲတောကျေးရွာနှင့် ပင်လိန်အရှေ့ကျေးရွာတို့သို့သွားရောက်၍ စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာတွင်းလမ်း ဗြုံးကျောက်ခင်းခြင်း၊ လမ်းဘေးရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးမှုကို ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to