အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာ ကွယ် ရေးအတွက်

အထက(ဟိုပန်)တွင် မိုင်းအန္တရာယ်နှင့်ကျန်းမာရေးအသိပညာပေး ဟောပြော

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန် က မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ COVID – 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို ဩဂုတ် ၂၅ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့အဝင် ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် သိုး/ဆိတ် မွေးမြူရေးသင်တန်းဖွင့်လှစ်

ကိုဗစ်-၁၉၏စီးပွါးရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက်(CERP)ဖြင့် ဂန့်ဂေါမြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနက သိုး/ဆိတ်မွေးမြူရေးသင်တန်းကို ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာ ဓမ္မာရုံတွင် သြဂုတ် ၂၄ ရက်မှစတင်ကာ ဖွင့်လှစ်ပို့ချဆွေးနွေး လျက်ရှိ သည်။

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးနှင့် မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်ဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်း အသီးသီးအား မြို့နယ် အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယခင်ဆောင်ရွက်လျက်သည့် လုပ်ငန်းများထက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပြုလုပ်သည်။

ကျောက်မဲမြို့တွင် ပါးစပ်နှာခေါင်းစည်း(Mask)များ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်နှင့် ဗဟိုဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များ၊ စတိုး ဆိုင်များနှင့် ဈေးဆိုင်များတွင် ပါးစပ်နှာခေါင်းစည်း(Surgical Mask)များ ဈေးနှုန်းမြှင့် တင်ရောင်းချမှု ရှိ/မရှိ ကို ကျောက်မဲခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စည်ပင် သာယာရေး ဝန်ထမ်း များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး နတ်မောက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးမှ နတ်မောက်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီး‌ဌာန အစည်း အဝေး ခန်းမ၌ကျင်းပခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်း ပြီးပြည့်စုံမှန်ကန်သော မဲစာရင်းများဖြစ်စေရေး တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က စ၍ တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေးလျက် ရှိသည်။

ဖားဆောင်း၌ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ပညာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို သက်ဆိုင်ရာ ပညာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့) မှ ကျင်းပပြုလုပ်သော စတုတ္ထနှစ်စက်ဝန်း၏ ပညာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ပညာရေး ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ် ကျေးရွာ (၆)ရွာတွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး အောင်မြင်ကြောင်းသိရသည်။
Subscribe to