မန္တလေး ဩဂုတ် ၂၅
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ဒီဂျစ်တယ်စာကြည့်တိုက် စီမံခန့်ခွဲစနစ်နှင့် သက်ဆိုင်သောနည်းပညာများကို ကျွမ်းကျင် ပညာရှင်များက Onlineစနစ်ဖြင့် ဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)၊ အခန်းအမှတ် (၂၀၂) တွင် ပြုလုပ်သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်ဝန်ထမ်းများတက်ရောက်ကြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)