မိုင်းယုမြို့၌ ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများသို့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်း စိစစ်ရေးအဖွဲ့သည် ယနေ့က တစ်အိမ်တက်/ဆင်းစနစ်ဖြင့် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။