အင်္ဂပူမြို့နယ်တွင် သဘာဝရေပြင်၊ အင်းနှင့် စပါးခင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀) စိုက်ထည့်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတ တိုးပွားလာစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်၊ အင်းနှင့် စပါးခင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကြီးကြပ်မှုတို့ဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်က ထန်းပင်ကန်အုပ်စု သဲဖြုချောင်း သဘာဝရေပြင်နှင့် မကျီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ စပါးခင်း ဧက ၂၀၀ အတွင်းသို့ ငါးမျိုး စိုက်ထည့်ပွဲပြုလုပ်ခဲ့သည်။