ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့်ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့စရိတ်နှင့် အပင်ပြုစုစရိတ်ထောက်ပံ့ငွေများထုတ်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုစရိတ်ကြေးငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ (၃) နာရီက မကျီးတိုင်းကျေးရွာ ကြက်မောက်တောင်ဆည်ရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့ရာ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။