မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော (RS-CS) မိုးစပါးမျိုးစေ့ထုတ် (၅)ဧက စိုက်ခင်းအတွင်း မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောင်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေစေရန်အတွက် မိုးစပါး (RS-CS) မျိုးစေ့ထုတ်ကွက် (၅)ဧကအား စိုက်ခင်းအတွင်းမျိုးကွဲများ နှုတ်ပယ်ခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ​ရေတာရှည်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား စတုတ္ထအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ၂၀၀၀၀ ကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို သြဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက မော်လမြိုင် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်း အဝေး ခန်းမ၌ကျင်းပသည်။

သနပ်ပင်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခွင့် မဆုံးရှုံးစေရေး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ခွင့် မဆုံးရှုံးစေရေး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၀နာ ရီအချိန်က ကမာစဲ(စံပြ) ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရိရသည်။

နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာ၌ COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဟောပြော

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု ဇယ်တုန်ဟုန်း ကျေးရွာ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မြို့နယ် ကြက် ခြေနီ သူနာပြုတပ်ဖွဲ့များတို့က COVID-19 ရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ကျေးရွာ အလကခွဲကျောင်းခန်းမတွင် ပြုလုပ်သည်။

တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသက်ကယ် လေ့ကျင့်ခန်းများ လေ့ကျင့် သင်ကြားပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းမင်း ထွေး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များအား အသက်ကယ်လေ့ကျင့်ခန်းများကို ယနေ့နံနက် ၇ နာရီအချိန်က လေ့ကျင့် သင်ကြားခြင်း ဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၌ ဆံပင်ညှပ် သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူး ဖွင့်လှစ်တဲ့ ဆံပင်ညှပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် လွတ်လပ်မျှတသောရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့(MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL)မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူ (၈၈) ဦး အား ထောက်ပံ့ငွေ များ သွားရောက် ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက် (၇) နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများအား တာ၀န်ရှိသူများမှ ကာယကံရှင်တို့၏ လက်ဝယ်အရောက်သွား‌ရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ကျိုင်းတုံ၌ လူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း စေတနာ့ဝန်ထမ်းများ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လူထုအခြေပြုတီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်း စေတနာ့ဝန်ထမ်းများဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် သင်ကြားပို့ချသည်။
Subscribe to