ဟိုပုံး မတ်၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်(၂၀)ရက် ညနေ(၄)နာရီက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကျောင်းများမှ ဆရာတော်၊ သံဃာတော်များ အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုကျင်းပမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်၊ သံဃာတော်များအတွက် စာမေးပွဲဖြေဆိုသည့် နေ့အလိုက် စာဖြေသံဃာများအတွက် ဆွမ်း၊ ကွမ်း၊ လှူဖွယ်ဝတ္ထုများ၊ ဝေယျာဝဇ္ဇကိစ္စများ ကြိုတင်ပြင်ဆင်မည့်လုပ်ငန်းများနှင့် ဆရာတော်၊ သံဃာတော်များနှင့် စာဖြေသံဃာများအတွက် ကြိုဆိုရေးယာဉ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လျှောက်ထားသည်။ ထို့နောက် ဟိုခိုဘုန်းတော်ကြီးကျောင်း ဆရာတော် မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌက နေ့အလိုက် အလှူရှင်များ၏စာရင်းကို မိန့်ကြားပြီး တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ ဌာနဆိုင်ရာများက လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ် (၂၉)ရက်မှ ဧပြီ(၄)ရက်အထိ သီရိမင်္ဂလာသာသနာ့ဗိမာန်၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြု မူလတန်းများကို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း အပါး (၄၅၀) ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)