ကျိုက်မရော၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကျေးရွာအရောက် ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရက်ကွက်/ကျေးရွာများရှိမဲရုံများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့များ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင် အဖွဲ့ခွဲဝင်များပူးပေါင်း၍ သိမ်ဖြူကုန်းကျေးရွာ၊ ကြက်သွန်ကုန်းကျေးရွာ၊ လှည်းတန်းကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများသို့ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့ နေ့လယ်၁နာရီက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး ခဲ့ကြသည်။