တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

တာလေ ဩဂုတ် ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ် ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများထံ သွားရောက် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရသစာအုပ်ပေါင်း (၁၅၀) ကို သယ်ဆောင်၍ တာလေမြို့ရှိ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ‌ရေးဌာနထံမှ ယခင်အပတ် ငှားရမ်းထားသော စာအုပ်၊ စာစောင်များ ပြန်လည်အပ်နှံမှုကို လက်ခံခြင်း၊ စာအုပ်၊ စာစောင် အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာလေမြို့ရုံးအနေဖြင့် စာချစ်သူ မိဘပြည်သူများနှင့် လူငယ်၊ လူရွယ်များ၊ စာပေ ဝါသနာရှင်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)