ချောက် ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က သင်တန်းတက်ရောက်လာသည့် ဆရာ၊ ဆရာမများအား သင်တန်းအား ဂရုတစိုက် လေ့လာသင်ယူကြရန်နှင့် သင်တန်းပြီးဆုံးသည်ထိ တက်ရောက်ရန် ပြောကြားခဲ့သည်။
ထို့နောက် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၊ မြို့နယ်ရွေးကောက် ပွဲအရာရှိ ဒေါ်ငြိမ်းငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များအကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။
အဆိုပါ သင်တန်းတွင်သင်တန်းသား၊ သင်တန်းသူ(၂၂၀)ဦးတက် ရောက်ခဲ့ပြီး သင်တန်းအား ဩဂုတ်လ(၁)ရက်နေ့မှ(၄)ရက် နေ့ထိ နေ့စဥ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ သင်တန်းနည်းပြ(၁၆)ဦးက စာတွေ့၊ လက်တွေ့ ၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)