ကန့်ဘလူ ဩဂုတ် ၁
ဝန်ထမ်းများသတ်မှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းနှင့်တာဝန်များကို စောင့်ထိန်းလိုက်နာ၍ လုပ်ငန်းကျွမ်းကျင်မှု အစဥ်တိုးတက်နေစေရန် ကြိုးစားခြင်းဖြင့် လုပ်ငန်းစွမ်းရည်တိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကိုသိရှိနားလည်ပြီး ရည် မှန်းချက်တာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသိရှိပြီး လိုက်နာကျင့်ကြံဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသော ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်မှ အခန်း(၁၄)ဝန်ထမ်း စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများစသည့် ခေါင်းစဥ်ပါ အကြောင်းအရာများအလိုက် တစ်ဦးချင်းဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းများအပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြင်ပပညာရှင်များ ဖိတ်ကြား၍ အသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲ(Talk Show)များကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း