မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်

မဘိမ်း     စက်တင်ဘာ    ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့် က မြို့ပေါ်(၄)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်း၍ မဘိမ်းမြို့အတွင်းရှိ ရပ်ကွက်များအတွင်းလှည့်လည်ကာ မိဘပြည် သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်အပြင်မထွက်ဘဲ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ် မနေလိုအပ်ပါက လူတစ်ဦးသာ အပြင်ထွက်ရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း Mask ကို မဖြစ်မ နေတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျ ဆေးရန်၊ Social Distancing ကို တိတိကျကျလိုက်နာရန်၊ မိမိတို့နေအိမ်ဝန်းကျင်တွင် ပြည်ပနိုင်ငံများ၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပေါ်နေသည့် မြို့ နယ်ဒေသများမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာနများနှင့် နီး စပ်ရာလူမှုကူညီရေးအသင်းများထံသို့ သတင်းပို့ကြရန်နှင့် သတ်မှတ်အသွားအလာကန့်သတ်ခြင်းမှ ပြန်လာသူများအနေဖြင့် မိမိတို့နေအိမ်အတွင်း သီးခြားနေထိုင်ကြ ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန်အချက်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်သွားကြရန် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)