တွံတေးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ လုပ်ငန်း များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တွံတေး  စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တွံတေး မြို့နယ်၊ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ သည်။

တွေ့ဆုံဆွေးနွေးပွဲတွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးအောင်ကျော်က အမှာစကားပြောကြားရာ တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့မှာ ကျင်းပမည့်အထွေထွေရွေးကောက်ပွဲကြီးနှင့် ကိုဗစ်-၁၉   ကပ်ရောဂါကူးစက်ပြန့်ပွားနေ သည့် အခြေအနေတွေ တိုက်ဆိုင်နေသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် (၁၇၃/၂၀၂၀) ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ နေ့စွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံး ခွင့်ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန် ထားပြီးဖြစ်ရာ ကြေညာချက်များနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ အနေနဲ့ သိသင့်သိထိုက်သည်များနှင့်  လိုက်နာဆောင်ရွက်ရမည်များကို ယနေ့ ရှင်းလင်းဆွေးနွေးသွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဒေါက်တာမျိုးဇော်လှက မဲဆွယ်ကာလတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းလင်းအောင်က လုံခြုံရေးဆိုင်ရာ စီမံထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော  နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက သိလိုသည်များနှင့် မရှင်းလင်းသည့် အချက်များကို မေးမြန်းရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ပြည့်ဖြိုးသူက ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးအောင်ကျော်နှင့် အဖွဲ့ ဝင်များ၊ တွံတေးမြို့နယ်အတွင်းရှိ  နိုင်ငံရေးပါတီ(၁၁)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ မဲဆွယ်ကာလမှာ စက်တင်ဘာ ()ရက်နေ့မှ နိုဝင်ဘာ()ရက်နေ့အထိဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)