မြန်အောင်မြို့တွင် အသံချဲ့စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

မြန်အောင်  စက်တင်ဘာ ၉

မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနသို့ HARP-F နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA)တို့မှ အသံချဲ့စက်နှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက် က  မြို့နယ် ပြန်/ဆက် ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအသံချဲ့စက်နှင့် ဆက်စပ်ပစ္စည်းများအား လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA)မှ ဦးဇင်လင်းမောင်က ပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဇော်မင်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်သူလူထုအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်၊ သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေး လှုံ့ဆော်ခြင်း၊သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် ပြန်/ဆက်ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထုအခြေပြု လုပ်ငန်းများ တွင် ပြည်သူလူထုနှင့်အသင်း အဖွဲ့များပါ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပေးအပ်လှူဒါန်း ရခြင်းဖြစ်ကြောင်း လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်း (CDA)မှ ဦးဇင်လင်းမောင်ကပြောသည်။

ပေးအပ်လှူဒါန်းသည့် ပစ္စည်းမျာမှာ ငွေကျပ် ၄၅၀,၀၀၀ တန်ဖိုးရှိ အသံချဲ့စက်၊ Sound Box တစ်စုံ၊ AC/DC အသုံးပြုနိုင်သည့် Amplifier၊ Wireless Microphone တစ်စုံ ၊ ဘက်ထရီအိုးနှင့် ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ထွန်းဇော်ထွန်း(မြန်အောင်)