အုတ်ဖို စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုန့ယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတပေါကြွယ်ဝစေရန်နှင့် ကိုဗစ်−၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာစားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက် မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့က နတ်တလင်း မြို့နယ် ဘော်ဘင်ဆည်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁)သိန်းကျော် စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်မိုးသီတာထံမှသိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းတွင် အုတ်ဖိုမြို့နယ်ငါးလုပ်ငန်းစခန်းမှ ဘော်ဘင်ဆည်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၁၂၀၀၀၀) စိုက်ထည့်ခဲ့ ရာ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံဒေါ်မိုးသီတာနှင့် ဝန်ထမ်းများ၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်းများ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)