စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

စေတုတ္တရာ ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် () နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စေတုတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မရှင်အရာရှိ ဦးဌေးလွင်က မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းအား စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း၂၂၇ ဦးအား သင်တန်းနည်းပြများက လေးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)